Tue, 06/02/2009 - 23:56
အဘိဏှ ရာဟုလောဝါဒ သုတ္တန် လင်္ကာ...
အဘိဏှ ရာဟုလောဝါဒ သုတ္တန်ဒေသနာ၏ အချုပ်လင်္ကာ(၉)ပုဒ်
၁။ မိတ်ကောင်းမှီစေ၊ တောရပ်နေ၊ သုံးလေမတ္တညု။
၂။ ပစ္စည်းလေးဖြာ၊ မတွယ်တာ၊ တဏှာငြိမ်းအောင်ပြု။
၃။ ပါတိမောက္ခ၊ သံဝရ၊ သီလလုံစေမှု။
၎။ တံခါးခြောက်ထွေ၊ ဣနြေ္ဒ၊ ငြိမ်စေပိတ်ဆို့ မှု။
၅။ သတိမြဲရာ၊ ကိုယ်၌သာ၊ ခန္ဓာငြီးငွေ့ မှု။
၆။ သုဘနိမိတ်၊ ခွာရှောင်ဆိတ်၊ ဈာန်စိတ်ပိုင်အောင်ရှု။
၇။ အနိမိတ္တ၊ ထင်စေမှ၊ မာနကွာအောင်ပြု။
၈။ ဤနည်းကျင့်ပေ၊ ဝဋ်သုံးထွေ၊ ငြိမ်းလေမှန်ပြီဟု။
၉။ ရာဟုလာအား၊ တို့ ဘုရား၊ ဟောကြားနေ့ နေ့ မှု။
ရန်ကုန်မြို့  မဟာစည်သာသနာ့ရိပ်သာတွင် ၁၃၃၁-ခုနှစ်၊ တန်ခူးလ၌ ဆရာဝန်ကြီးဦးသာလှ၏ သားငယ်ကို ဣသိဒ္ဓိလှ ရှင်ပြုပွဲတွင် မင်းကွန်း တိပိဋကဓရဆရာတော်ဘုရားကြီး ဟောကြားတော်မူသည်...










