သံဃာတော်များ ဆွမ်းဘုဉ်းပေးနေစဉ်...
ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။
တေ မယံ ပျ, နုသိက္ခာမ၊ ပဗ္ဗဇိတာ သုပေသလာ။
သန္တော= ဘုရားအလျာပစ္စေကာနှင့် အရိယာနွယ်လောင်း ရှေးသူတော်ကောင်းတို့၏။ ဂမ္ဘီရစိန္တကာ= တွေ့ကြုံသမျှ မှုကိစ္စဝယ် အဇ္ဈတ္တ၌ ဉာဏ်မြင်ဆိုက်အောင် လှိုက်လှိုက်လှဲလှဲ စိတ်တော်စွဲ၍ နက်နဲသည့်ဓာတ်သဘောကို နစ်နောစွာ ဆင်ခြင် အကြံကောင်းဝင်တော်မူကြကုန်လျက်။ ကာမေ= ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက်ရကား များလှ နည်းသွယ် ကြီးကြီးငယ်ဟု နှီးနွယ်ရောရု ကိုယ်တော်တို့ ပိုင်သ,သည့် ကာမဝတ္ထု အစုစုတို့ကို။ ဟိတွာ= ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနဲ့ဆက်ဆံ ဘေးတွေကဝန်းခြံ ရန်တွေကမြောက်မြား ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်၍။ ပဗ္ဗဇိံသု= နှလုံးသိမ်မွေ့ သူတော်လေ့ဖြင့် ရသေ့ရဟန်း ပြုစွမ်းတော်မူခဲ့ကြလေကုန်ပြီ။ မယမ္ပိ= ဉာဏ်နေက္ခမ္မ အာသယဟု ဆန္ဒကိန်းအောင်း ဒို့သူတော်ကောင်းတို့သည်လည်း။ ပဗ္ဗဇိတာ= ကိလေသမာရ် ကိုယ်တွင်းရန်ကို တွန်းလှန်ဖြိုခွင်း အောင်တပ်ခင်း၍ အောင်ခြင်းဘိသိက် ယင်လိုစိတ်ဖြင့် ပရိက္ခရာရှစ်ပုံ စစ်ဝတ်စုံကို ဝတ်ရုံဆင်မြန်း သာသနာ့အောင်မြေနန်းဝယ် အောင်ခွန်းသံထောက် နတ်ဗြဟ္မာတို့ဆက်လျှောက်သည့် ရှင်ရဟန်းအဖြစ်သို့ ကပ်ရောက်ကြကုန်လျက်။ သုမေသလာ= စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလကိုယ်စီကိုယ်ငှ ရှိကြကုန်သည်ဖြစ်၍။ တေ= ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ရှေးသူတော်ကောင်းတို့ကို။ အနုသိက္ခာမ= အတုလိုက်ကာ ကျင့်ကြံခဲ့ရပါပေသည်တကား။ အနုသိက္ခာမ= မျက်ခြေမပျောက် ရှေးသူတော်စင်တို့နောက်မှ ကောက်ကောက်လိုက်ပါ သုံးသိက္ခာကို သဒ္ဓါသတိန်သမာဓိန်နှင့် ပညိန်ဝီရိယ ငါးချက်မျှ၍ လုံ့လမြဲမြံ ဇွဲသန်သန်နှင့် ကျင့်ကြံကြိုးကုတ် အားထုတ်ကြရကုန်ပြီတကား။
သာဓု….သာဓု….သာဓု…။











