တရားရေ ပေးဝေသွန်းပါဦး...
တရားရေ ပေးဝေသွန်းပါဦး
လူ့ ပြည်မှာ နေတာပန်းရော့သလာ့...
ထုပီကာ ထွေလာဆန်းပါတဲ့...
တုသီိတာ ဒေဝါနန်းကိုလ...
သေအချာ မြန်းလေပေါ့ ထေရ်ဘုန်းမော်။
နေအဝါလွှမ်း ရွှေကြာနွမ်းသလိုပ...
မဖြေသာလွမ်းတာက ပြည်အလုံးနော်။ ...
စိုမစဲ...
ငိုပွဲ အဖုံဖုံပေါ့...
ရွှေရင်အုံ စုံသာထုပါလို့ ...
သေချင်ပုံ ကြုံလှာခု...
အားနုချွတ်ချော်တဲ့မှ...
တရားရှုသော်လဲ ပွားသမုရယ်ကြောင့်...
မှားမှု ရင့်ရော်။ ။
များဝေးနေ ဆွေးပွေလွန်းတာမို့ ...
စကားချွေ အေးစေညွှန်းကာပ...
တရားရေ ပေးဝေသွန်းပါဦး...
ကျေးရွှေကွန်း နာဒပျော်...
တော်ဆရာ့ မှန်ကင်း။
ဇော်ပထမ အလျော်ဆ လိုက်တော့....
မဟော်တမျှသာပ လော်ကနာ့နွယ်ရင်း။
ဖေဘုန်းခေါင်...
နေနှုန်းသဏ္ဌာန်ဆောင်လို့ ...
ရွှေတုံးအလျှံပြောင်တဲ့...
တောင်ကြီးနော် မနေ လဲရှာပေါ့...
ကြေကွဲစွာ တကာသားတို့မှာ...
ရေနဲရာ ပမာငါးပါဘဲ
များစွာ့ အခြေယွင်းတဲ့မှ (ဆရာတော်ဘုရား)...
တပါးဘဝ မသွားရအောင်လို့ ...
ဘုရားတ, သော်လဲ သိကြားအဓမ္မ...
တအားပ ဆောင်ရွက်လေခြင်း။
ဖတ်ကြားပူဇော်သူ... အဆိုကျော် ဒေါ်မာမာအေး...
ရေးသားပူဇော်သူ... သားတပည့်တစ်ဦး...
၂၉-၃-၉၃










