ကိသာဂေါတမီ အား ဘုရားဟောသည့် တရားဂါထာ...

 
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ဦးဝိစိတ္တသာရာဘိဝံသ ဟောကြားတော်မူအပ်သော
“ကိသာဂေါတမီ“ အား ဘုရားဟောသည့် ဓမ္မပဒ ဂါထာ ပါဌ်+အနက်
 
တံပုတ္တ + ပသုသမ္ပတံ္တ
ဗျာသတ္တ မာနသံ နရံ
သုတ္တံ ဂါမံ မဟောဃောဝ၊
မစ္စု အာဒါယ ဂစ္ဆတိ။
 
ဂေါတမိ = ချစ်သမီး ဂေါတမီ…
သုတ္တံ ဂါမံ= အိပ်ပျော်နေတောင်း လူအပေါင်းကို၊
မဟောဃော= အ ပြောကျယ်လျှက်, နက်လည်းနက်သည့် ကြောက်မက်ဖွယ်စီး ချောင်းကျရေ အယာဉ်ကြီးသည်၊
အာဒါယ ဂစ္ဆတိ ဣ၀= သမုဒြာ ရောက်အောင် မျှောဆောင်တိုက်စား ယူငင်၍ သွားသကဲ့သို့ ၊
ပုတ္တ+ ပသုသမ္မတ္တံ= သမီး + သားရေး နွားအရေးတို့၌သာ အတွေးနယ်ချဲ့ကာ ဆယ်ဖြာသော ကုသိုလ်လေ့ကို မေ့လျှော့ ပေါ့တန်၍နေသော၊
ဗျာသတ္တမာနသံ= ရူပ+သဒ္ဒ ဂန္ဓ+ ရသာ ဖောဋ္ဌဗ္ဗ ဟု ငါးဖြာ အာရုံ ကာမဂုဏ်၌၊ တခုံမက်မက် တသက်သက်လျှင် ဖွဲ့ယှက် ကိုင်းငြိ တွယ်တာသော စိတ်ရှိ၍နေသော၊
တံ နရံ= မေ့လျော့ခြင်းဆိုတဲ့- ပမာဒ ဘ၀င်တွေ ဆက်ခါ ဆက်ခါ ကျသဖြင့် ကုသလဆယ်ဖော် ကျင့်လမ်းတော်၌ အိပ်ပျော်ဘိတောင်း ထိုမေ့လျော့သူ လူအပေါင်းကို၊
မစ္စု = မစ္စု မည်လျှင်း ရှင်သေမင်းသည်၊
အာဒါယ ဂစ္ဆတိ= အလိုဆန္ဒ မပြည့်ဝခင် ယူငင်၍ သွားချေတော့၏။
အာဒါယ ဂစ္ဆတိ= အလိုဆန္ဒ မပြည့်ဝပဲ တပ်မက်ဆဲတွင် ငရဲ + တိရစ္ဆာန် + ပြိတ္တာ + အသုရကာယ် အပယ်လေးဝ သမုဒြာအောက်သို့ကျအောင် မျှောထတိုက်စား၊ သြော်… ယူဆောင်၍ သွားလေတော့ သတည်း…။
 

Copyright © 2009 by Mingun.us